**စကရင်ဖန်သားပြင်၏အလင်း**
ယနေ့ခေတ်တွင် ကလေးများအပေါ် စကရင်၏လွှမ်းမိုးနိုင်မှုနှင့် ပတ်သက်၍
မိဘများစွာတို့ စိုးရိမ်ပူပန်နေရသည်။ မည်သည့်အရွယ်/အချိန်တွင် ကလေးများအား ၎င်းတို့၏ကိုယ်ပိုင်ဖုန်းများ ပေးကိုင်သင့်သနည်း။
စကရင် အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်သင့်သနည်း။ စကရင်စွဲလန်းမှုကို ကျွန်ုပ်တို့ မည်သို့ ကာကွယ်မည်နည်း။
ကျွန်ုပ်တို့ ကလေးများ၏ အသက်တာ၌ စကရင်နှင့် ပတ်သက်သည့် စိန်ခေါ်မှုများအတွက် ဆရာမနှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ဉာဏ်ပညာကို လက်တွေ့ကျင့်သုံးကြပါစို့။ အွန်လိုင်းပေါ်တွင် ၎င်းတို့ ပြောသမျှ ပြုသမျှ အရာရာတိုင်း၌ ဘုရားသခင်ကို ချီးမြှောက်စဉ် သားသမီးများကို မည်သို့ လေ့ကျင့်သွန်သင်ရမည်ကို ရှာဖွေလိုက်ပါ။
ဆရာမ ရုသ်ဝမ်လောင်သည် နာမည်ကျော် မူကြိုကလေးများအတွက် Timmy and Tammy စီးရီး(စာစဉ်)၊ မူလတန်းအရွယ် ကလေးသူငယ်များအတွက် Percy and Pam စီးရီးများကို ရေးသားသူဖြစ်သည်။ သူမသည် လူထုဆက်သွယ်ရေးနှင့်
ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများတွင် နှစ်ပေါင်း ၂၀ နီးပါးမျှ လုပ်ကိုင်ခဲ့သူဖြစ်သည်။ သူတို့ ဇနီးမောင်နှံတွင် ချစ်စရာ သားသမီး သုံးဉီးရှိပါသည်။
သားသမီးများကို သွန်သင် ပြုစုပျိုးထောင်ခြင်း