အီစတာအထူးစာမူ - ယေရှုအားဖြင့် ပြေလည်ပေါင်းစည်းခြင်း
ခရစ်တော်၌ မျှော်လင့်ခြင်း၊
အနာငြိမ်းခြင်းနှင့် အသစ်သောအစပြုမှု
ထမြောက်ရှင်ပြန်ခြင်းသည် သမိုင်း၏အချိန်အခိုက်အတန့်တစ်ခုထက် ပိုပါသည်။ ၎င်းသည် လူသားတစ်ရပ်လုံးအတွက် အလှည့်အပြောင်းဖြစ်စေသည့် အမှတ်ဖြစ်သည်။ သူ၏အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သခင်ယေရှုသည် မူလအခြေအနေသို့ ပြန်လည်တည်ဆောက်
ပေးရန်၊ အနာငြိမ်းစေရန်နှင့် ရန်ပြေငြိမ်းစေရန်အတွက် ပျက်စီးဆုံးရှုံးသော
လူလောကနှင့် သန့်ရှင်းသောဘုရားသခင်ကြားရှိ တံတားတစ်စင်းဖြစ်လာသည်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့ကို စေ့စပ်ရန်ငြိမ်းစေခြင်းသာမက အခြားသူများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးများကိုပါ ပြန်လည်ကုစားပေးခြင်း
အတွက် ခရစ်တော်၏စွန့်လွှတ်ပူဇော်မှုတန်ခိုးကို ဆင်ခြင်အောက်မေ့ရန်
ဤ ၇ ရက်တာ ဝတ်ပြုကိုးကွယ်ခြင်းစာမူက သင့်အား ဖိတ်ခေါ်နေပါသည်။
ယုံကြည်ခြင်းကို သင်စူးစမ်းနေဆဲဖြစ်စေ၊ သခင်ယေရှုနောက်တော်သို့ သင်လိုက်လျှောက် သည်မှာ နှစ်များစွာရှိပြီဖြစ်စေ၊ ရန်ငြိမ်းငြိမ်သက်ခြင်း၊ ခွင့်လွှတ်ခြင်းနှင့် အသစ်သောအစပြုမှုကို တောင့်တနေသူများအတွက် “ယေရှုအားဖြင့် ပြေလည်ပေါင်းစည်းခြင်း”စာစောင်က မျှော်လင့်ခြင်းကို ကမ်းလှမ်းပေးနေပါသည်။